11agm

Agenda of MTSH 11th Annual General Meeting

1.   Announcement of Directors’ Report, Approved Financial Statements and External Audit Report for the Financial Year ended on 31st March 2024 (FY 2023-2024). 

2.   Announcement of Shareholders’ Dividend and Board of Directors’ Bonus.

3.   Appointment of Members of the Board and announcement of Approved BOD Members.

4.   ​Announcement of Approved Independent Directors.

5.   Announcement of Approved External Audit Firm for the Financial Year 2024-2025.

English

အမြတ်ဝေစု ခွဲဝေမည့်စနစ်အား ရှင်းလင်းတင်ပြခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေများပေါ် အခြေခံ၍  ၂၀-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပမည့် ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်  အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် ငါးဆယ်ကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၁၆-၇-၂၀၂၄ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃-၂၀၂၄) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ 

English

အမြတ်ဝေစုထုတ်ယူရန် ကျန်ရှိသည့် အစုရှယ်ယာရှင်များကို အသိပေးအကြောင်းကြားခြင်း

၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍  အမြတ်ဝေစုထုတ်ယူနိုင်ပါသည်။ 

English

အသိပေးကြေညာချက်

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၏ ဒါရိုက်တာအဖွဲ့က ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည်အစီရင်ခံစာ၊ စာအုပ်ကို ၂၃-၈-၂၀၂၄ နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH ၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
English

အစုရှယ်ယာရှင်များအား အသိပေးခြင်း

၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၂၃-၈-၂၀၂၄ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။

English
Subscribe to RSS - 11agm