အစုရှယ်ယာရှင်များအား အသိပေးခြင်း

၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ် (၁၂ကြိမ်) မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ 
၁၉-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

 

။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၂၂-၈-၂၀၂၅ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။

၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၂-၉-၂၀၂၅ ရက်နေ့ ညနေ (၄:၀၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး [email protected] သို့ပေးပို့နိုင်ပါသည်။

၄။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံရန် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀)နှင့် အထက် ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ‌ရွေးချယ်ခံလိုသူများသည် MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြု လုပ်ဖြည့်စွက်ပြီး လျောက်ထားနိုင်ပါသည်။

၅။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၅-၉-၂၀၂၅ ရက်နေ့ ညနေ (၄:၀၀) အချိန်ထက် နောက်မကျ ဘဲ  MTSH Website ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက် ဆောင်ရွက်နိုင်ပါသည်။

၆။ Online Registration ပြုလုပ်ရန် အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH Investor Relations Department ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉ ၉၆၉ ၉၉၇ ၈၀၈ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက် ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုတည်းဖြင့် အစုရှယ်ယာ ရှင်ကိုယ်တိုင် ပေးပို့၍ စာရင်းပေးသွင်း ဆောင်ရွက်နိုင်ပါသည်။

၇။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၁၉-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့် နေ့တွင် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး၊ MTSH Website ဖြစ် သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများ အနေဖြင့် ၀၈-၉-၂၀၂၅ (တနင်္လာနေ့) ညနေ (၄:၀၀) နာရီထက် နောက်မကျဘဲ MTSH ၏ Email ဖြစ် သည့် [email protected] သို့ ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြု လက်ခံမည် မဟုတ်တော့ပါ။

English