MTSH ၏ ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆောင်ရွက်မည့်ကိစ္စရပ်များ

၁။    ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့တို့တွင် ကုန်ဆုံးသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ကို ကြေညာခြင်း။

၂။    အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား ကြေညာခြင်း။ 

၃။    ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း။

၄။   လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား ကြေညာခြင်း။

၅။   ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကို ကြေညာခြင်း။

 

အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်းအကြံပြု လိုသည်များရှိပါက (၁၃-၉-၂၀၂၄) ရက်နေ့ ညနေ (၄:၀၀) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

 

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
Myanmar