မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများပေါ် အခြေခံ၍ ၁၉-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် (၁၉၀) ကျပ်တိတိ အား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၄-၆-၂၀၂၅ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစု တန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၇-၈-၂၀၂၅ နေ့အထိ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၁၂-၈-၂၀၂၅ နေ့၌ ပါရှိမည့်အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာ ဝယ်ယူပိုင်ဆိုင် သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်သည်။
အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် -
Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYAtrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံ ကြေညာပါမည်။
Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့် ဘဏ်ခွဲ နှင့် ရက်စွဲအား ဆက်လက် ကြေညာပေးသွားမည် ဖြစ်ပါသည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်