Invitation


၁။ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့တို့တွင် ကုန်ဆုံးသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ကို ကြေညာခြင်း။
၂။ အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား ကြေညာခြင်း။
၃။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း။
၄။ လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား ကြေညာခြင်း။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေများပေါ် အခြေခံ၍ ၂၀-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပမည့် ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် ငါးဆယ်ကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၁၆-၇-၂၀၂၄ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃-၂၀၂၄) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစုထုတ်ယူနိုင်ပါသည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၏ ဒါရိုက်တာအဖွဲ့က ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည်အစီရင်ခံစာ၊ စာအုပ်ကို ၂၃-၈-၂၀၂၄ နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH ၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဧကာဒဿမကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၂၃-၈-၂၀၂၄ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။