အစုရှယ်ယာရှင်များအား အသိပေးခြင်း

၁။   မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ အွန်လိုင်းအသုံးပြု၍ ၂၃-၃-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။

၂။   ဒါရိုက်တာအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၂၄-၂-၂၀၂၂ ရက်နေ့တွင်  www.mtshmyanmar.com ၌ တင်ပေးထားမည်ဖြစ်ပါသည်။

၃။   အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၈-၃-၂၀၂၂ ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး [email protected] သို့ ပေးပို့နိုင်ပါသည်။

၄။   ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင် ရွေးချယ်ခံရန် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင် ဆိုင်သူ ဖြစ်ရပါမည်။ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ‌ရွေးချယ်ခံလိုသူများသည် MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ် ဖြည့်စွက်ပြီး လျောက်ထားနိုင်ပါသည်။

၅။   အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာ အဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ် ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၁၁-၃-၂၀၂၂ ညနေ (၄:၃၀)အချိန်ထက် နောက်မကျဘဲ  MTSH Website ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက် ဆောင်ရွက်နိုင်ပါသည်။

၆။   Online Registration ပြုလုပ်ရန် အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH Investor Relations Department၏ Viber ဖုန်းနံပါတ် အမှတ် ၀၉-၉၆၉ ၉၉၇ ၈၀၈၊ ၀၉-၉၆၉ ၉၉၇ ၈၁၇ သို့ အစု ရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက် ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်နှင့် အစုရှယ်ယာရှင်ကိုယ်တိုင် လက်ရှိ အသုံးပြုနေသော မိမိ၏ ကိုယ်ပိုင် မိုဘိုင်းဖုန်းနံပါတ် တစ်ခုဖြင့်သာ အစုရှယ်ယာရှင် ကိုယ်တိုင် စာရင်းပေးသွင်း ဆောင်ရွက်နိုင်ပါသည်။

၇။   မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးကို အွန်လိုင်း အသုံးပြု၍ ၂၃-၃-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အစည်းအဝေး ကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ ဝင် ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အရ ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ် ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများ အနေဖြင့် ၁၁-၃-၂၀၂၂ ရက် (သောကြာနေ့) ညနေ (၄:၃၀) နာရီထက် နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့်​  [email protected] သို့ ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြု လက်ခံမည် မဟုတ်တော့ပါ။

English