9th AGM အစည်းအဝေးဖိတ်ကြားစာ


1. Announcement of Approved Directors’ Report and Financial Statements of FY 2020-2021 ended 30th September 2021.
2. Announcement of Shareholders’ Dividend and Director Bonus.
3. Appointment of Members of the Board and announcement of Approved BOD Members.
4. Announcement of Approved (3) Independent Directors.
5. Announcement of Approved External Audit Firm for the Year 2022-2023.
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ဒါရိုက်တာအဖွဲ့သည် ရရှိလာသည့် အမြတ်ငွေများအပေါ် အခြေခံ၍ ၂၃-၃-၂၀၂၂ နေ့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် တက်ရောက်လာသည့် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် တစ်ရာကျပ် တိတိ အား ခွဲဝေပေးမည် ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၀-၁၂-၂၀၂၁ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၁-၂၀၂၂) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့ အတွက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက် မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များ အနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ် ဝေစုထုတ်ယူနိုင်ပါသည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့က နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည် အစီရင်ခံစာ၊ စာအုပ်ကို ၂၄-၂-၂၀၂၂နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ အွန်လိုင်းအသုံးပြု၍ ၂၃-၃-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၂၄-၂-၂၀၂၂ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည်ဖြစ်ပါသည်။