အထူးအထွေထွေအစည်းအဝေးနှင့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပခြင်း

၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် MTSH သည် ၎င်း၏ အထူးအထွေထွေအစည်းအဝေးနှင့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ကုမ္ပဏီတည်ရှိရာ Shwe Zabu River View Condominium တွင် ကျင်းပခဲ့ပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့် MTSH ၏ ခန့်အပ်ထားသော ပြင်ပစာရင်းစစ်ဖြစ်သည့် Win Thin & Associates မှ ဝန်ထမ်းများ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့အတွင်း အစည်းအဝေးတက်ရောက်ရန် မှတ်ပုံတင်ထားသည့် အစုရှယ်ယာ ၅၀.၁၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူ အစုရှင်များလည်း zoom မှတစ်ဆင့် အစည်းအဝေးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ပထမပိုင်းတွင် အထူးအထွေထွေအစည်းအဝေးနှင့် ဒုတိယပိုင်းကို ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအဖြစ် နှစ်ပိုင်းခွဲကာကျင်းပခဲ့သည်။

အထူးအထွေထွေအစည်းအဝေးနှင့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး နှစ်ခုလုံးတွင် ဥက္ကဋ္ဌ ဦးဝင်းအောင်က အဖွင့်အမှာစကားများ ပြောကြားပေးခဲ့ပါသည်။

အထူးအထွေထွေအစည်းအဝေးအတွင်း ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်တင်ပြချက်ကို မဲဆန္ဒရှင် 99.91% က ထောက်ခံကြောင်းဖော်ပြပြီး အတည်ပြုခဲ့သည်။

ဒဿမအကြိမ်မြောက် နှစ်ပတ်လည်အ‌ထွေထွေအစည်းအဝေးကို ဆက်လက်ကျင်းပရာ MTSH ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ဒါရိုက်တာအစီရင်ခံစာကို အစုရှယ်ယာရှင်များထံ တင်ပြခဲ့ပြီး MTSH ၏ ဘဏ္ဍာရေးအရာရှိချုပ် ဒေါ်ယုဝါထွန်းက ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွက် အတည်ပြုဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါသည်။

ထို့နောက် အတည်ပြုချက်ရယူရမည့် သီးသန့်ကိစ္စရပ်များအတွက် Online Voting စနစ်ဖြင့်ပေးပို့ထားသည့် အစုရှယ်ယာရှင်များ ၏သဘောထား အတည်ပြုချက်များ ကြေညာခဲ့သည်။ ( အတည်ပြုချက်ရယူခဲ့သော ကိစ္စရပ်များကို AGM resolution တွင် ဖော်ပြထားပါသည်)

အခမ်းအနားကို သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။