မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပခြင်း

Zawgyi


အခမ်းအနားတွင် MTSH ၏ Chairman ဖြစ်သူ ဦးဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊MTSH ၏ ဒါရိုက်တာ ဦးမြင့်ဇော်၊ ဒါရိုက်တာ ဒေါက်တာဥာဏ်သစ်လှိုင်တို့မှ ကုမ္ပဏီ၏ တစ်နှစ်တာ လုပ်ငန်းဆောင်တာများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသည့်အစုရှယ်ယာရှင်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။


 

Unicode

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁ ရက်၊ တနင်္ဂနွေနေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza, Myanmar Expo Hall တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ YSX နှင့် SECMတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ MTSH ၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမှုဆောင်အရာရှိချုပ်၊ မိမိတို့ကုမ္ပဏီ၏ အစုရှယ်ယာရှင်များမှ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် MTSH ၏ Chairman ဖြစ်သူ ဦးဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊MTSH ၏ ဒါရိုက်တာ ဦးမြင့်ဇော်၊ ဒါရိုက်တာ ဒေါက်တာဉာဏ်သစ်လှိုင်တို့မှ ကုမ္ပဏီ၏ တစ်နှစ်တာ လုပ်ငန်းဆောင်တာများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသည့်အစုရှယ်ယာရှင်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

ထို့နောက် ဒါရိုက်တာအဖွဲ့ဝင်သစ်ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေပေးမည့်ရက်ကိုကြေညာပေးခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
