Top Manangement

U Myint Zaw - Chief Executive Officer

Date of Appointment : 29 September 2018
Last Re-elected : 30 March 2021

ဦးမြင့်ဇော်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိ သည့် လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူသည် လက်ရှိတွင် မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH)နှင့် MTSH၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော သီလဝါ ပရော့ ပါးတီးဒတ်ဗလော့မန့် လီမိတက်တို့တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဦးမြင့်ဇော်သည် ကုမ္ပဏီ စတင်တည်ထောင်သည့် ကနဦးအစ ၂၀၁၃ ခုနှစ်မှစတင်၍ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သူ  တစ်ဦးလည်းဖြစ်ပါသည်။

ဦးမြင့်ဇော်သည် လူသုံးကုန်ပစ္စည်းကုန်သွယ်မှုလုပ်ငန်းများဖြစ်သည့် လယ်ယာထွက်ကုန်နှင့် စားအုန်း ဆီလုပ်ငန်း၊ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် လုပ်ငန်းနယ်ပယ်များစွာကို စီမံခန့်ခွဲခဲ့ပါသည်။ ထို့အပြင် စက်ရုံငှါးရမ်းခြင်းလုပ်ငန်း၊ လူနေအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ယာဉ် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း စသည့်တို့နှင့်ပတ်သက်၍ အတွေ့အကြုံရင့်သန်သူ တစ်ဦးလည်း ဖြစ်ပါသည်။ 

မြန်မာသီလဝါ အက်(စ်) အီးဇက် ဟိုးဒင်းပတ် ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (MTSH) တွင် ဦးမြင့်ဇော်သည် Sales & Marketing Director အနေဖြင့် တာဝန်ထမ်းဆောင်စဉ်က သူ၏ အဓိက လုပ်ငန်းတာဝန်များမှာ သီလဝါ အထူးစီးပွားရေးဇုန်တွင် အလားအလာရှိသော ရင်းနှီး မြှုပ်နှံသူများကို ဈေးကွက်ဖော်ဆောင်ခြင်းနှင့် အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် MJTD တွင်လည်း Administration & HR Department ၏ General Manager & Officer တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စံနှုန်းမီ လုပ်ထုံးလုပ်နည်းအသစ်များ (SOP) သတ်မှတ်ခြင်း၊ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများ၊ အဝယ်တော်ကိစ္စရပ်များနှင့် ပတ်သက်သော မူဝါဒများ ချမှတ်ခြင်းများနှင့်အပြင် MJTD ၏ အထွေထွေရေးရာ ကိစ္စများကိုလည်း ကိုင်တွယ် ဆောင်ရွက်လျက်ရှိပါသည်။ 

ဦးမြင့်ဇော်သည် ရန်ကုန်တက္ကသိုလ်မှ B.Sc (Chemistry) ဘွဲ့၊ University of Thai Chamber of Commerce မှ Master of Business Administration ဘွဲ့၊ ရန်ကုန်တက္ကသိုလ်မှ Diploma in Business Law (DBL) တို့ကို ရရှိခဲ့ပြီး၊ Singapore Management University (SMU) နှင့် မြန် မာဒါရိုက်တာများ အင်စတီကျူ (MIoD)တို့မှ ပူးပေါင်း ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးကျင်းပသည့် Myanmar Directorship Certification ကို တက်ရောက်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။

U Thurane Aung - Project Director

Date of Appointment : 1 September 2019
Last Re-elected : 30 March 2021

ဦးသူရိန်အောင်သည် ကျွနု်ပ်တို့ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာဖြစ်ပြီး မြန်မာ-ဂျပန်သီလဝါ ဒီဗလော့မန့်လီမိတက် (MJTD) ၏ ဒုတိယဥက္ကဌ (Vice President) ဖြစ်ပါသည်။ ဦးသူရိန်အောင်၏ များပြားကျယ်ပြန့်လှသော လုပ်ငန်း အတွေ့အကြုံများမှာ ဒဂုန်ကုမ္ပဏီများ အုပ်စုတွင် လုပ်သက် နှစ် (၂၀) ကျော် ဦးဆောင်လုပ်ကိုင်မှုများ မှ ရရှိလာခြင်း ဖြစ်ပါသည်။

ဦးသူရိန်အောင်သည် ဒဂုန်ကုမ္ပဏီများအုပ်စု၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေစဉ်တွင် နိုင်ငံတကာ ကုမ္ပဏီပေါင်းများစွာနှင့် ချိတ်ဆက်၍ ဖက်စပ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းအသစ်များကို အောင် မြင်စွာ ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဦးသူရိန်အောင်၏ ဖြစ်နိုင်ခြေများ လေ့လာဆန်း စစ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း စသည့် အတွေ့အကြုံကောင်းများသည် မြန်မာသီလဝါအက်(စ်) အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) ၏ ကနဦးအစမှပင် MTSH နှင့် ဂျပန်လုပ်ငန်းစုတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော မြန်မာ-ဂျပန်သီလဝါ ဒီဗလော့မန့်လီမိတက် (MJTD) ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းများတွင် လွန်စွာ အထောက်အကူပြုခဲ့ပါသည်။
 
ဦးသူရိန်အောင်၏ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) ရှိ အဓိက လုပ်ငန်းတာဝန်များမှာ လက်ရှိလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းခြင်း လုပ်ငန်းများအပြင် သီလဝါ SEZ အတွင်းနှင့် အခြားနေရာများတွင်ပါ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်များ ရှာဖွေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန် ဆောင်ရွက်ခြင်းများဖြစ်ပါသည်။ 

ဦးသူရိန်အောင်သည် စီးပွားရေးလုပ်ငန်းကဏ္ဍမျိုးစုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း၏ ဒု-ဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်လျှက် ရှိပါသည်။

ဦးသူရိန်အောင်သည် ၂၀၀၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Westminster တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုပညာနှင့် ဘဏ္ဍာရေး ဘာသာရပ် (Business Information Management & Finance ) ဖြင့် ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပါသည်။ ဦးသူရိန်အောင်သည် Asia Corporate Excellence & Sustainability Awards (ACES) 2021 တွင် “အာရှ၏ အထင်ကြီးလေး စားဖွယ် အကောင်းဆုံး လူငယ်ခေါင်းဆောင်များ” ဘွဲ့ကို ရရှိထားသူလည်း ဖြစ်ပါသည်။ 

Daw Yu War Tun - Chief Financial Officer

ဒေါ်ယုဝါထွန်းသည် MTSH ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်ပြီး မိမိတို့၏ ဖက်စပ် ကုမ္ပဏီဖြစ်သည့် MJTD တွင်လည်း ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

သူမသည် စာရင်းဆိုင်ရာ ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ အခွန်နှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်း တို့တွင် (၁၇) နှစ်ကျော် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပါသည်။ သူမသည် ၂၀၀၅ခုနှစ် မှ ၂၀၂၂ခုနှစ်အထိ မြန်မာနိုင်ငံ စာရင်းအင်းလောက၊ စင်္ကာပူနိုင်ငံ စာရင်းအင်းလောက တို့တွင် အတွေ့အကြုံများ ရယူခဲ့ပါသည်။  New York စတော့အိပ်ချိန်း စာရင်းဝင် Interpublic Group of Companies ၏ စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် CMG Group တွင် တာဝန်များထမ်းဆောင်ခဲ့ပြီး၊ 2017 December မှ စတင်၍ MTSH တွင် Group Finance Manager အဖြစ်၊ 2020 August မှ 2022 October အထိ  Head of Finance အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ 

ဒေါ်ယုဝါထွန်းသည် ဝါဏိဇ္ဇဘွဲ့ အား ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း၊ အသုံးချ စာရင်းအင်းပညာ Bachelor of Science ဘွဲ့ကို Oxford Brookes University (UK) မှ လည်းကောင်း  ရရှိခဲ့ပါသည်။ သူမသည် Certified Public Accountant Myanmar ကို ရရှိ အောင်မြင်ထားပြီး၊ Institute of Singapore Chartered Accountant (ISCA) နှင့်  Association of Chartered Certified Accountant (ACCA) တို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ သူမသည် Singapore Management University (SMU) နှင့် မြန်မာဒါရိုက်တာများ အင်စတီကျူ (MIoD) တို့မှ ပူပေါင်းဖွဲ့စည်းထားသော Myanmar Directorship Certification ကို တက်ရောက်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။