Daw Yu War Tun - Chief Financial Officer
ဒေါ်ယုဝါထွန်းသည် MTSH ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်ပြီး မိမိတို့၏ ဖက်စပ် ကုမ္ပဏီဖြစ်သည့် MJTD တွင်လည်း ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
သူမသည် စာရင်းဆိုင်ရာ ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ အခွန်နှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်း တို့တွင် (၁၇) နှစ်ကျော် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပါသည်။ သူမသည် ၂၀၀၅ခုနှစ် မှ ၂၀၂၂ခုနှစ်အထိ မြန်မာနိုင်ငံ စာရင်းအင်းလောက၊ စင်္ကာပူနိုင်ငံ စာရင်းအင်းလောက တို့တွင် အတွေ့အကြုံများ ရယူခဲ့ပါသည်။ New York စတော့အိပ်ချိန်း စာရင်းဝင် Interpublic Group of Companies ၏ စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် CMG Group တွင် တာဝန်များထမ်းဆောင်ခဲ့ပြီး၊ 2017 December မှ စတင်၍ MTSH တွင် Group Finance Manager အဖြစ်၊ 2020 August မှ 2022 October အထိ Head of Finance အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်ယုဝါထွန်းသည် ဝါဏိဇ္ဇဘွဲ့ အား ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း၊ အသုံးချ စာရင်းအင်းပညာ Bachelor of Science ဘွဲ့ကို Oxford Brookes University (UK) မှ လည်းကောင်း ရရှိခဲ့ပါသည်။ သူမသည် Certified Public Accountant Myanmar ကို ရရှိ အောင်မြင်ထားပြီး၊ Institute of Singapore Chartered Accountant (ISCA) နှင့် Association of Chartered Certified Accountant (ACCA) တို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ သူမသည် Singapore Management University (SMU) နှင့် မြန်မာဒါရိုက်တာများ အင်စတီကျူ (MIoD) တို့မှ ပူပေါင်းဖွဲ့စည်းထားသော Myanmar Directorship Certification ကို တက်ရောက်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။