U Myint Zaw - Chief Executive Officer
Date of Appointment : 29 September 2018
Last Re-elected : 30 March 2021
ဦးမြင့်ဇော်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိ သည့် လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူသည် လက်ရှိတွင် မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH)နှင့် MTSH၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော သီလဝါ ပရော့ ပါးတီးဒတ်ဗလော့မန့် လီမိတက်တို့တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဦးမြင့်ဇော်သည် ကုမ္ပဏီ စတင်တည်ထောင်သည့် ကနဦးအစ ၂၀၁၃ ခုနှစ်မှစတင်၍ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။
ဦးမြင့်ဇော်သည် လူသုံးကုန်ပစ္စည်းကုန်သွယ်မှုလုပ်ငန်းများဖြစ်သည့် လယ်ယာထွက်ကုန်နှင့် စားအုန်း ဆီလုပ်ငန်း၊ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် လုပ်ငန်းနယ်ပယ်များစွာကို စီမံခန့်ခွဲခဲ့ပါသည်။ ထို့အပြင် စက်ရုံငှါးရမ်းခြင်းလုပ်ငန်း၊ လူနေအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ယာဉ် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း စသည့်တို့နှင့်ပတ်သက်၍ အတွေ့အကြုံရင့်သန်သူ တစ်ဦးလည်း ဖြစ်ပါသည်။
မြန်မာသီလဝါ အက်(စ်) အီးဇက် ဟိုးဒင်းပတ် ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (MTSH) တွင် ဦးမြင့်ဇော်သည် Sales & Marketing Director အနေဖြင့် တာဝန်ထမ်းဆောင်စဉ်က သူ၏ အဓိက လုပ်ငန်းတာဝန်များမှာ သီလဝါ အထူးစီးပွားရေးဇုန်တွင် အလားအလာရှိသော ရင်းနှီး မြှုပ်နှံသူများကို ဈေးကွက်ဖော်ဆောင်ခြင်းနှင့် အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် MJTD တွင်လည်း Administration & HR Department ၏ General Manager & Officer တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စံနှုန်းမီ လုပ်ထုံးလုပ်နည်းအသစ်များ (SOP) သတ်မှတ်ခြင်း၊ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများ၊ အဝယ်တော်ကိစ္စရပ်များနှင့် ပတ်သက်သော မူဝါဒများ ချမှတ်ခြင်းများနှင့်အပြင် MJTD ၏ အထွေထွေရေးရာ ကိစ္စများကိုလည်း ကိုင်တွယ် ဆောင်ရွက်လျက်ရှိပါသည်။
ဦးမြင့်ဇော်သည် ရန်ကုန်တက္ကသိုလ်မှ B.Sc (Chemistry) ဘွဲ့၊ University of Thai Chamber of Commerce မှ Master of Business Administration ဘွဲ့၊ ရန်ကုန်တက္ကသိုလ်မှ Diploma in Business Law (DBL) တို့ကို ရရှိခဲ့ပြီး၊ Singapore Management University (SMU) နှင့် မြန် မာဒါရိုက်တာများ အင်စတီကျူ (MIoD)တို့မှ ပူးပေါင်း ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးကျင်းပသည့် Myanmar Directorship Certification ကို တက်ရောက်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။