Invitation


၁။ ၂၀၂၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တို့တွင် ကုန်ဆုံးသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို ကြေညာခြင်း။
၂။ အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား ကြေညာခြင်း။
၃။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း။
၄။ လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား ကြေညာခြင်း။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများပေါ် အခြေခံ၍ ၁၉-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် (၁၉၀) ကျပ်တိတိ အား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၄-၆-၂၀၂၅ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက် မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစု ထုတ်ယူနိုင်ပါသည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့က (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည် အစီရင်ခံစာ၊ စာအုပ်ကို ၂၂-၈-၂၀၂၅ နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH ၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ် (၁၂ကြိမ်) မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍
၁၉-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၂၂-၈-၂၀၂၅ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။