MTSH-12th AGM
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တို့တွင် ကုန်ဆုံးသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို ကြေညာခြင်း။
၂။ အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား ကြေညာခြင်း။
၃။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း။
၄။ လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား ကြေညာခြင်း။
၅။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းကို ကြေညာခြင်း။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများပေါ် အခြေခံ၍ ၁၉-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် (၁၉၀) ကျပ်တိတိ အား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၄-၆-၂၀၂၅ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစု တန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၇-၈-၂၀၂၅ နေ့အထိ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၁၂-၈-၂၀၂၅ နေ့၌ ပါရှိမည့်အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာ ဝယ်ယူပိုင်ဆိုင် သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်သည်။
အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် -
Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYAtrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံ ကြေညာပါမည်။
Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့် ဘဏ်ခွဲ နှင့် ရက်စွဲအား ဆက်လက် ကြေညာပေးသွားမည် ဖြစ်ပါသည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက် မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစု ထုတ်ယူနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ - မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH ၊ အစုရှယ်ယာဌာန၊ ရွှေဇဗ္ဗူရေးဗားဗျူး ကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊ တာဝါ (အေ)၊ (၉) ထပ် (အပေါ်ဆုံးထပ်)၊ ကမ်းနားလမ်း၊ အလုံ မြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရမည့် ဖုန်းနံပါတ် - ၀၁-၂၃၀၁၇၇၂၊ ၂၃၀၁၇၇၃၊ ၂၃၀၁၈၅၃၊ ၂၃၀၁၈၅၄၊ ၂၃၀၁၈၈၅၊
အီးမေးလ် - [email protected]
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့က (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည် အစီရင်ခံစာ၊ စာအုပ်ကို ၂၂-၈-၂၀၂၅ နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH ၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ် (၁၂ကြိမ်) မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍
၁၉-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၂၂-၈-၂၀၂၅ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။
၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၂-၉-၂၀၂၅ ရက်နေ့ ညနေ (၄:၀၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး [email protected] သို့ပေးပို့နိုင်ပါသည်။
၄။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံရန် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀)နှင့် အထက် ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများသည် MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြု လုပ်ဖြည့်စွက်ပြီး လျောက်ထားနိုင်ပါသည်။
၅။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၅-၉-၂၀၂၅ ရက်နေ့ ညနေ (၄:၀၀) အချိန်ထက် နောက်မကျ ဘဲ MTSH Website ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက် ဆောင်ရွက်နိုင်ပါသည်။
၆။ Online Registration ပြုလုပ်ရန် အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH Investor Relations Department ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉ ၉၆၉ ၉၉၇ ၈၀၈ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက် ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုတည်းဖြင့် အစုရှယ်ယာ ရှင်ကိုယ်တိုင် ပေးပို့၍ စာရင်းပေးသွင်း ဆောင်ရွက်နိုင်ပါသည်။
၇။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၁၉-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့် နေ့တွင် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး၊ MTSH Website ဖြစ် သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများ အနေဖြင့် ၀၈-၉-၂၀၂၅ (တနင်္လာနေ့) ညနေ (၄:၀၀) နာရီထက် နောက်မကျဘဲ MTSH ၏ Email ဖြစ် သည့် [email protected] သို့ ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြု လက်ခံမည် မဟုတ်တော့ပါ။