MTSH-10th AGM

၁။ မြန်မာသီလဝါ အက်(စ်) အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (MTSH) ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြင်ဆင်ခြင်းအား အထူးဆုံးဖြတ်ချက် ချမှတ်၍ အတည်ပြုခြင်း။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၁။    ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget Year)နှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တို့တွင် ကုန်ဆုံးသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တို့အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ၊ အတည်ပြု ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာ တို့ကို ကြေညာခြင်း။

၂။    အစုရှယ်ယာရှင်များ၏ အမြတ်ဝေစု ခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား ကြေညာခြင်း။

၃။    ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း။

၄။   လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား ကြေညာခြင်း။

၅။    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းကို ကြေညာခြင်း။

 

အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်း အကြံပြုလိုသည်များ ရှိပါက (၁၆-၆-၂၀၂၃) ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

 

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မတ် (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေများပေါ် အခြေခံ၍  ၂၂-၆-၂၀၂၃ နေ့တွင် ကျင်းပမည့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်  အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် ငါးဆယ်ကျပ်တိတိ အား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၄-၄-၂၀၂၃ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂-၂၀၂၃) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့  ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၄-၅-၂၀၂၃ နေ့အထိ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၉-၅-၂၀၂၃ နေ့၌ ပါရှိမည့် အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာ ဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်သည်။

အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် -

Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYAtrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံ ကြေညာပါမည်။

Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့် ဘဏ်ခွဲနှင့် ရက်စွဲအား ဆက်လက် ကြေညာပေးသွားမည် ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက် မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍  အမြတ်ဝေစု ထုတ်ယူနိုင်ပါသည်။ 

ဆက်သွယ်ရမည့်လိပ်စာ - မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH ၊ အစုရှယ်ယာဌာန၊ ရွှေဇဗ္ဗူ ရေးဗားဗျူး ကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊ တာဝါ (အေ)၊ (၉) ထပ် (အပေါ်ဆုံးထပ်) ၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရမည့် ဖုန်းနံပါတ် - ၀၁-၂၃၀၁၇၇၂၊ ၂၃၀၁၇၇၃၊ ၂၃၀၁၈၅၃၊ ၂၃၀၁၈၅၄၊ ၂၃၀၁၈၈၅၊  ၀၉ ၉၆ ၉၉၉ ၇၈၁၇၊ 
​အီးမေးလ် [email protected]

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့က ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးတွင် တင်ပြမည့် နှစ်ပတ်လည်အစီရင်ခံစာ၊ စာအုပ်ကို ၂၄-၅-၂၀၂၃ နေ့မှ စတင်၍ နှစ်ပတ်လည် အစီရင်ခံစာအား MTSH ၏ Website ဖြစ်သည့် www.mtshmyanmar.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အထူးအထွေထွေ အစည်းအဝေးနှင့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းဝေးကို အွန်လိုင်း အသုံးပြု၍ ၂၂-၆-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၂၄-၅-၂၀၂၃ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။

၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၆-၆-၂၀၂၃ ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး [email protected] သို့ ပေးပို့နိုင်ပါသည်။

၄။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင် ရွေးချယ်ခံရန် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ‌ရွေးချယ်ခံလိုသူများသည် MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျောက်ထားနိုင်ပါသည်။

၅။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၉-၆-၂၀၂၃ ညနေ (၄:၃၀) အချိန်ထက် နောက်မကျဘဲ  MTSH Website ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက် ဆောင်ရွက်နိုင်ပါသည်။

၆။ Online Registration ပြုလုပ်ရန် အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH Investor Relations Department ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉ ၉၆၉ ၉၉၇ ၈၀၈၊ ၀၉ ၉၆၉ ၉၉၇ ၈၁၇ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက် ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုတည်းဖြင့် အစုရှယ်ယာရှင် ကိုယ်တိုင် ပေးပို့၍ စာရင်းပေးသွင်း ဆောင်ရွက်နိုင်ပါသည်။

၇။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အထူးအထွေထွေ အစည်းအဝေးနှင့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၂၂-၆-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အစည်းအဝေး ကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာ အရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး MTSH Website ဖြစ် သောwww.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများအနေဖြင့် ၁၂-၆-၂၀၂၃ ရက် (တနင်္လာနေ့) ညနေ (၄:၃၀) နာရီထက် နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့် [email protected]သို့ ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြု လက်ခံမည် မဟုတ်တော့ပါ။