အမြတ်ဝေစု ခွဲဝေမည့်စနစ်အား ရှင်းလင်းတင်ပြခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မတ် (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေများပေါ် အခြေခံ၍  ၂၂-၆-၂၀၂၃ နေ့တွင် ကျင်းပမည့် ဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်  အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် ငါးဆယ်ကျပ်တိတိ အား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၄-၄-၂၀၂၃ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂-၂၀၂၃) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့  ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၄-၅-၂၀၂၃ နေ့အထိ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၉-၅-၂၀၂၃ နေ့၌ ပါရှိမည့် အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာ ဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်သည်။

အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် -

Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYAtrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံ ကြေညာပါမည်။

Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့် ဘဏ်ခွဲနှင့် ရက်စွဲအား ဆက်လက် ကြေညာပေးသွားမည် ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
Myanmar