ဒေါ်အေးအေးအောင်

Non-Executive Director

Present Directorships in listed Companies
- Myanmar Thilawa SEZ Holdings Public Co., Ltd.
Date of appointment  -  1.9.2019
Last re-elected  - 30.3.2021
Interest in the Company
- Indirectly: 1,513,583

ဒေါ်အေးအေးအောင်သည် အင်ဂျင်နီယာဘွဲ့ကို အီလက်ထရွန်နစ် ဘာသာရပ်ဖြင့် ဘွဲ့ ရရှိသူ တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြု Professional Engineer (P.E) တစ်ဦးလည်း ဖြစ်ပါသည်။ AFEO Governing Board ၏ ASEAN ENGINEER အသိအမှတ်ပြု လက်မှတ်အား ၂၀၁၄ ခုနှစ်၌ အပ်နှင်းခြင်း ခံခဲ့ရပါသည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့  (M.B.A) ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့ပါသည်။

ဒေါ်အေးအေးအောင်သည် ၁၉၉၅ ခုနှစ်မှ စတင်၍ Asia World Co., Ltd. တွင် အလုပ်စတင် ၀င်ရောက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်အထိ PP Woven Bag Factory နှင့် Myanmar Paper Mill Factory တို့၏ ဒါရိုက်တစ်ဦး အဖြစ်လည်းကောင်း Asia Mega Link Co., Ltd. တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် လည်းကောင်း Asia Mega Link Service Co., Ltd. တွင် ဒါရိုက်တာအဖြစ် လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီ၀င် အဖြစ် လည်းကောင်း၊ ရတနာပုံတယ်လီပို့ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တွင် ဒါရိုက်တာအဖြစ် လည်းကောင်း၊ မြန်မာ အက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက်တွင် ဒါရိုက်တာအဖြစ် လည်းကောင်း အသီးသီး တာ၀န်ယူ ဆောင်ရွက်လျက် ရှိပါသည်။