အမြတ်ဝေစု ခွဲဝေမည့်စနစ်အား ရှင်းလင်းတင်ပြခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ဒါရိုက်တာအဖွဲ့သည် ရရှိလာသည့် အမြတ်ငွေများအပေါ် အခြေခံ၍ ၂၃-၃-၂၀၂၂ နေ့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် တက်ရောက်လာသည့် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် တစ်ရာကျပ် တိတိ အား ခွဲဝေပေးမည် ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၀-၁၂-၂၀၂၁ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့  အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၁-၂၀၂၂) ၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့  ခွဲဝေပေးမည့် အမြတ်ဝေစု တန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၁-၂-၂၀၂၂ နေ့အထိ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၄-၂-၂၀၂၂ နေ့၌ ပါရှိမည့် အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာ ဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်သည်။

အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် -
Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYAtrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံ ကြေညာပါမည်။

Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့် ဘဏ်ခွဲနှင့် ရက်စွဲအား ဆက်လက် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ​

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
​အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
Myanmar